Monday, April 7, 2014

အမျိုးသားနိုင်ငံရေးကိုစိတ်ကုန်ုခြင်းနှင့်ပါတီနိုင်ငံေ၇းကိုစိတ်မကုန်ုခြင်း

မိမိခံယူထားတဲ့နိုင်ငံရေးဝါဒလမ်းစဉ်နဲ့ကိုယ် ကျိုးမဖက်နိုင်ငံတော်နှင့်နိုင်ငံသားများအတွ က်ဆောင်ရွက်မယ်လို့စိတ်ပိုင်းဖြတ်လုပ်ခဲ့တဲ့အမျိုးသားနိုင်ငံရေးကိုဖော်ဆောင်ခဲ့တဲ့ ဖော်ဆောင်နေတဲ့နိုငိငံရေးသမား
မိမိရဲ့နိုင်ငံသမားဆိုတဲ့ဂုဏ်သတင်းနဲ့နိုင်ငံရေးသြဇာရယူနိုင်ရေးအတွက်မသိနားမလည်တဲ့ပြည်သူတွေရဲ့အားကိုရယူအသုံချလုပ်ဘို့ကျန်နေတဲ့နိုင်ငံရေးသမား
အမျိုးသားနိုင်ငံရေးခံယူချက်လဲမရှိပါတီရဲ့နိုင်ငံရေးမူဝါဒလမ်းစဉ်နဲ့နိုင်ငံကောင်းစားရေး ပြည်သူကောင်းစားရေးလဲမသိထဲ့မတွက်တတ်တဲ့သာကူးနိုင်ငံရေးသမား
ငွေကြေးကြွယ်ဝပြီးအာဏာမက်မောလို့သာတဲ့အုပ်စုကပ်ပြီးလုပ်ပိုင်ခွင့်ယူမိမိအကျိုးအတွက်အသုံးချမဲ့နိုင်ငံရေးသမား
စီနီယာဂျူနီယာပြောပြီးနိုင်ငံရေးပါဝါပြိုင် အနိုင်လိုချင်ပြီးအလှူ့လက်ဖက်နဲ့မျက်နှာလုပ်ဗိုလ်ကြအာဏာပြလိုတဲ့နိုင်ငံရေးသမား
အာဏာချိုချဉ်အရသာသိနေပြီးလက်ပိုက်
နောက်ပစ်ခေါင်းငြိမ့် တဟုတ်ထဲဟုတ်နေ တဲ့ပါဝါနဲနဲကျန်ကျန်ဆိုသည့်နိုင်ငံရေးလုပ် စားသူများ
တိုင်းပြည်အကျိုးနောင်အနာဂတ်အတွက်တင်ပြပါမယ် ဒီမိုကရေစီစံနှုန်းအသုံးမပြုဘဲ မြန်မာ့ယဉ်ကျေးမှုရှေ့ရှုပြီးဘယ်သူ့ကိုမှအ မည်တတ်ဝေဖန်ရေးသားမည်မဟုတ်ပါ။
နောင်အနာဂတ်မျိုးဆက်သစ်များကိုနိုင်ငံအ တွက်မှန်ကန်တဲ့နိုင်ငံရေးအတွေးအခေါ်နဲ့နိုင်ငံရဲ့နိုင်ငံရေးသမိုင်းအမှန်သိအောင်စေတနာနဲ့တင်ပြမည်ဖြစ်ကြောင်းကြိုတင်အသိပေးစာအမြည်းကျွေးလိုက်ပါသည်။

Saturday, March 8, 2014

တတိယအကြိမ်အဆက်

မည်သို့ပင်ဆိုပါစေဦးထွန်းလင်းနှင့်အဖွဲ့သည်ငါတို့အားပါတီတွင်မလိုအပ်တော့၍ဖယ် ရှားခဲ့ခြင်းဖြစ်သည်။ရှိတဲ့ကျန်တဲ့သူတွေနဲ့ ဆက်၍ကောင်းအောင်လုပ်လိမ့်မည်ဆိုသည့်သဘောကိုခံယူကာပါတီကိုဝေဖန်ခြင်း တိုက်ခိုက်ခြင်းမပြုခဲ့ကြပေ။၁၉၈၈ခုနှစ်အ ရေးအခင်ပြီးနောက်နိုင်ငံရေးအခင်းအကျင်း အသစ်များပေါ်လာသော်လည်းသူတို့ဝင်မါ တော့ မဆလပါတီကတစညပါတီဟုအမည် ပြောင်းလဲခဲ့သည်ကိုတော့ဝေဖန်ခဲ့သည်။ ဆိုရှယ်စနစ်ကိုယုံကြည်သက်ဝင်လို့ထူထောင်ခဲ့သည် ပါခဲ့သည်။လူအများကမ ကြိုက်လို့ဖယ်ပေးခဲ့ရသည်။ဒါကြောင့် အမည်ပြောင်းလဲပါတီဖွဲ့သည်။လူတိုင်းက ဆိုရှယ်လစ်ပါတီတဖြစ်လဲမှန်းသိနေသည်။
စနစ်သည်ကောင်းသည်စီးပွားရေးတွင် ထိန်းချုပ်ပြီးနိုင်ငံတကာစီးပွားရေးအမြင်ကို မကြည့်ဘဲခေါင်းငုံ့နေခဲ့သဖြင့်ချွတ်ခြုံကျသွားခဲ့ပြီးစနစ်ပါပျက်ရသည်။ မိမိအမှားကို ဝန်ခံပြည်သူကိုတင်ပြုပြင်ပြောင်းလဲမည့်အစီအမံကိုရေးမြန်မာ့ဆိရြှယ်လမ်းစဉ်ပါတီအမည်ဖြင့်ပြန်ဖွဲ့စည်းသင့်သည်ဟုဝေဖန်ခဲ့သည်။ဒါပါတီအပေါ်သူတို့၏ခံယူချက်ဖြစ်သည်။ ပါလီမန်ဒီမိုကရေစီခေတ်အကွဲအပြဲဇာတ် လမ်းများလက်နက်ကိုင်ပဋိပက္ခများကြောင့် လယ်သမားများစိတ်ဆင်းရဲနေရစဉ်အရင်း ရှင်စီးပွားရေးစနစ်ကြောင့်အလုပ်သမားထု မပြေမလည်ဖြစ်နေစဉ်တောင်သူလယ်သ မားနှင့်အလုပ်သမားလူတန်းစားကိုအခြေ ခံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည့်စနစ်ဖြင့်ပေါ်လာသည့်ပါတီမို့အများဆုံးထောက် ခံမှုရှိခဲ့သည့်ပါတီဖြစ်သည်။ဥရောပနိုင်ငံများ ကပင်လေးစားခံခဲ့ရသည်။လူထုစည်းဝေးပွဲ တွေတိုင်းမဖြစ်မနေတက်ရမည်ဟုပြောစရာမလို။ကိုယ့်ဆန္ဒနှင့်ကိုတက်တာကွင်း တောင်လျှံသည်။ဒီလိုအောင်မြင်ခဲ့တဲ့ပါတီ ဆိုတာလူတိုင်းသိသည်။ပါတီ၏ဝါဒဖြစ်သေါ လူနှင့်ပတ်ဝန်းကျင်တို့၏အညမညစာအုပ် ကိုဖတ် လူ့ပတ်ဝန်းကျင်နှင့်အရမ်းဆီလျော် သည်။ထိုစဉ်ကကွန်မြူနစ်နိုင်ငံဒိတ်ဒိတ်ကြဲ
ရုရှားနှင့်တရုတ်တို့တောင်ပါတီ၏မူဝါဒကို လေးစားသမှုရှိခဲ့သည်။သို့သော်နိုင်ငံရေး နယ်ပယ်တွင်ကျွမ်းကျင်သူများသော်လည်း စီးပွားရေးနယ်ပယ်တွင်စမ်းတဝါးဝါးသူများ သာရှိသည်။ဒါ့ပြင်တာဝန်ပေးချက်အရပါတီ တာဝန်ထမ်းဆောင်ခဲ့သူတချို့သည်နိုင်ငံ ရေးနှင့်မရင်းနှီး ပြန်ပြီးလေ့လာနေသူ တတ် သလိုလိုသိသလိုလိုနဲ့ဖြီးဖြန်းဟန်လုပ်နေသူ များရောလာသည်။အမြုပါတီကာအတွင်းပြ သနာမရှိ။၁၉၇၄ခုဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ခဲ့ပြီးပြည်သူကောင်စီအဆင့်ဆင့်ပေါ်လာသည့်အခါတွင်ပါတီ၏ဦးဆောင်ကဏ္ဍ သည်မြင့်လာရမည့်အစားအောက်အခြေခံ နှင့်မြို့နယ်အဆင့်တွင်မှေးမှိန်လာမှုအနဲငယ် မြင်တွေ့လာရသည်။ဒုတိယကောင်စီသက် တမ်းတွင်မူကောင်စီအဆင့်ဆင့်၌တပ်မတော်သားရာထူးအဆင့်အလိုက်ရွေးချယ်ခံ စေပြီးတာဝန်ယူစေသည်။ဤတွင်ကောင်း
သောမြို့နယ်များမှာလည်းအရမ်းကောင်း သွာတာတွေရှိသည်။မြို့လူထု၏လေးစားယုံ ကြည်အားကိုးခြင်းခံရသူများပေါ်လာခဲ့သည် လူနဲစုသာဖြစ်သည်။အုပ်ချုပ်သူရွေးချယ်မှုစ တင်မှားခဲ့ပြီ။၁၉၈၈ခုနှစ်အရေးအခင်းတွင် အောက်ခြေအုပ်ချုပ်မှုယန္ဒရားအပေါ်လူထုမကြေနပ်ခြင်းကြောင့်အုံကြွမှုပိုမိုကြီးထွား လာစေခြင်းလဲဖြစ်သည်။
နိုင်ငံရေး စီးပွားရေးနှင့်အုပ်ချုပ်ရေးစနစ်ပေါ် တွင်ပြည်သူတို့အလုံးစုံမကြေနပ်နေချိန်တွင် ပါတီဥက္ကဌကြီး၏နိုင်ငံထုတ်ငွေစက္ကူအချို့ဖျက်သိမ်းမှုကမီးပွားဖြစ်ကာအကြောင်းရှာနေ သူများအတွက်ပုံကြီးချဲ့စရာပုံသေးရသွားပေ တော့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပျက်သုဉ်း ခဲ့ ရသည့်အကြောင်းအရင်းကိုလေ့လာဆန်း လျင်
ပါတီတွင်းစည်းလုံးညီညွတ်မှုပြိုကွဲခြင်း
ပါတီတွင်းဒီမိုကရေစီမရှိခြင်း
စီးပွားရေးပြုပြင်ပြောင်းလဲမှုမရှိခြင်း
ဆိုရှယ်လစ်စနစ်ကိုအခြေခံသည့်သမဝါယမ စနစ်ကိုပီပြင်စွာအကောင်အထည်မဖေါ်နိုင် ခြင်း
အခြေခံလူတန်းစား၂ရပ်၏ဘဝကိုမမြှင့် တင်ပေးနိုင်ခြင်း
အုပ်ချုပ်ယန္ဒရားအဆင့်ဆင့်ကိုကောင်းမွန် စွာမထိန်းကျေင်းသည့်အပြင်လစ်လျူရှုထား ခြင်း
အဆင့်ဆင့်လိမ်လည်တင်ပြနေမှုကိုဖေါ်ထုတ်အရေးယူမှုမရှိဘဲမျက်စိမှိတ်သာယာခဲ့ ကြခြင်း
ပြည်သူကိုဗဟို့ပြုသည့်ပါတီအဖြစ်မတည်ဆောက်ခဲ့ခြင်း တို့ကိုတွေ့ရမှာဖြစ်ပါတယ်။
ဒီနေရာမှာနိုင်ငွရဲ့နောင်လာနောင်သားတွေ
သင်္ကန်းစာယူနိုင်ဘို့လက်ရှိတစညဗဟိုနဲ့ ပါ တီသုသေသနဌာနမှပုဂ္ဂိုလ်များကဆွေးနွေး ရင်ပြည့်စုံမဲ့သင်္ကန်းစာတစ်ခုဖြစ်လာမှာမို့ ဖိတ်ခေါ်ပါတယ်။ဒါမှလဲပြည်တွင်းရှိနိုင်ငံရေး ပါတီများအောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းများအတွက်မပြည့်စုံတောင်အပိုင်းတစ်ခုအနေတော့အကျိုးပြုနိုင်မယ်ထင်ပါတယ်။

Friday, March 7, 2014

တတိယအကြိမ်ပါတီညီလာခံအရှုပ် တော်ပုံအဆက်

ပါတီတွင်ပြန်လည်ပါဝင်ခွင့်မရှိခဲ့သောပုဂ္ဂိုလ်များကလည်းပထမတွင်ဦးနေဝင်းလုပ် ရပ်ဟုမထင်ဘဲပါတီတွင်းအုပ်စုဖွဲ့လုပ်ကြံခံ လိုက်ရပြီဟုယူဆကြသည်။ဦးနေဝင်းကသူ လုပ်ရပ်ဟုအသိမခံလိုဘဲချော်လဲရောထိုင် လုပ်နေခဲ့သည်။နောက်ပိုင်းတော့အားလုံး အဖြစ်မှန်ကိုသိသွားကြသည်။ဦးနေဝင်းအ နေဖြင့်သူဆန္ဒအတိုင်းချောမွေ့စွာလုပ်ပေးခဲ့ သည်ဦထွန်းလင်း ဦးတင်အေးကျော်နှင့်အဖွဲ့ ကိုချောက်ခြားလာပြီးမဲ၃မဲလျော့သည့်ကိစ္စ မှာသူကိုပင်ခြိမ်းခြောက်သည့်သဘောဟု ထင်ကာပါတီအစည်းဝေးတိုင်းတွင်အဆင်မ ပြေဖြစ်လာခဲ့သည်။ဤတွင်ထောက်လှမ်း ရေးမှူးချုပ်မျက်မှန်ကြီးကိုအားကိုးရတော့ သည်။မျက်မှန်ကြီးကသူလက်အောက်စစစ
ကိုတာဝန်ပေးပြီးပါတီတွင်းဖြိုခွဲမှုကိုစတင်ပြု လုပ်ရန်စီစဉ်ခဲ့လေပြီ။ဦးထွန်းလင်းဦးသန်းစိန်ဦးတင်ဝင်းညို ဦးတင်အေးကျော်တို့အဖွဲ့အင်အားစုကလည်းချွတ်ခြုံကျနေတဲ့နိုင်ငံ့စီးပွားရေးစနစ်ကို ဈေးကွက်စီးပွားရေးစနစ်ဖြင့်အကောင်အထည်ဖေါ်နိုင်ရေးလုံးပမ်းနေခဲ့သည်။သူတို့ကို ချောင်းနေပြီလို့မထင်။ဒီအချိန်တွင်ဦးနေ ဝင်းကEC အစည်းအဝေးခေါ်ပြီး ပြီးခဲ့တာ တွေထားလိုက်ကြဘို့ညီညီညွတ်ညွတ်နဲ့စီး ပွားရေးအဓိကနလန်ထူလာပြီးတိုးတက် အောင်လုပ်ကြဘို့သူလဲပြီးခဲ့တာတွေမေ့ လိုက်ပြီဖြစ်ကြောင်းအချိုသပ်ချွေးသိမ့်ခဲ့ ပါသေးသည်။ရိုးသာပွင့်လင်းတဲ့နိုင်ရေးခေါင်းဆောင်ကောင်းရဲဘောရဲဘက်စိတ်ထားတွေမရှိဘဲ သူထက်သာမည်သူအတွက်နာနိုင်သည်ယူ ဆလျင်သူကဦးအောင်တွယ်တတ်သည့်အကျင့်ကလိမ်စေ့ကြတဲ့နိုင်ငံရေးညစ်နည်း ပေါင်စုံအတတ်ပညာအစွမ်းတို့ကိုပြရန်ပြင် ဆင်ခဲ့ပြန်သည်။ အခါပေးမျက်မှန်ကြီးကလဲ သူသြဇာတံခိုးကြီးထွားဘို့ကြိတ်ကြံလေပြီ။ ဦးနေဝင်းရဲ့သမိုင်းတလျေက်ပြန်ကြည့်ပါက လဲသူနဲ့ယှဉ်လာလို့ဖယ်ထုတ်ခဲ့တဲ့သူတွေမ နဲပါ။ ဦးအောင်ရွှေ ဦးအောင်ကြီးဗိုလ်ချုပ် တင်ဖေ ဗိုလ်မှူးကြီးတန်ယုဆိုင်တို့ဘဲဖြစ် ပါ သည်။နောက်ပိုင်းတပ်မတော်တွင်တပ်မှ ချစ်ကြည်လေးစားခံရသူဗိုလ်ချုပ်ကြီးတင်ဦး ယခုNldပါတီပါ။တပ်မှာတန်ခိုးထွားလာ တော့ဝါကျွတ်ချိန်မှာစစ်သံမှူးတွေကန် တော့တာကိုအကြောင်းပြပြီးဖယ်ဘို့လုပ်ပါ တယ်။ပါတီCECအစည်းအဝေးမှာသူက ပြောတော့ဝိုင်းမေတ္တာရပ်ခံကြပါတယ်။အ များဆန္ဒကိုလေးစားပေးသလိုနဲ့ကာကွယ် ရေးတော့မထားဘူးကုန်သွယ်ရေးတာဝန် ပေးမယ်လို့ဆုံးဖြတ်ပြီးညသတင်းကျတော့ တာဝန်အပြီးရုတ်သိမ်းလိုက်တယ်။ဒါဟာ ပါတီအတွင်းဒီမိုကရေစီမဟုတ်အာဏာ ရှင် ဆံခဲ့တာမဟုတ်ဘူးလားးဗျာ
ဦးနေဝင်းဟာအချိုသပ်ပြီးမကြာမီမှာတပ်မ တော်ထောက်လှမ်းရေးကိုဝကွက်အပ်ခဲ့ပြီး ဦးတင်အေးကျော်ဦးထွန်းလင်းဦးသန်းစိန် ဦးတင်ဝင်းညိုနဲ့ဦးဇော်ဖေတို့ကိုအင်းစိန် ထောင်အတွင်းထဲ့ကာပါတီတွင်းကိစ္စများကို စစ်ဆေးခဲ့ပြီးကျန်ဗဟိုကော်မတီအချို့နှင့်ညီ လာခံကိုယ်စားလှယ်အချို့ကိုတော့ကုန်းမြင့် သာယာမှာခေါ်ယူစစ်ဆေးခဲ့ပါတယ်။နောက်
ပိုင်းပါတီစည်းကမ်းနဲ့အမျိုးမျိုးစွပ်စွဲကာအရေးယူခဲ့ပါတယ်။ဦးထွန်းလင်းဦးသန်းစိန် ဦးတင်ဝင်းညိုဦးဘိုနီ ဦးတင်အေးကျော် နဲ့ ဦဇော်ဖေတို့ကိုတော့စီးပွားရေးမသမာမှုပုဒ် မများတပ်ကာ အပက၃ပုဒ်များတတ်ပြီးတ ရားစွဲဆိုခဲ့ပါတယ်။ထိုစဉ်ကဦးတင်အေးကျော်ကိုဖွဲ့စည်ပုံအခြေ ခံဥပဒေပြဌာန်ရေးကြိုတင်ပြင်ဆင်မှုကော်မ တီခရီးစဉ်မှာငွေ၆၃၅ိ ကိုအလွဲသုံးစားပြုခဲ့
တယ်လို့စွပ်စွဲပြီးပြည်ထဲရေးဝန်ကြီးဌာနအ မိန့်အရငွေ၁၅၀၀ိထက်မပိုပါကအပက၃နဲ့ တရားမစွဲရဆိုတဲ့ညွှန်ကြားချက်ကိုကျော်လွန်ပြီး စစစ ကတရားစွဲတင်ပို့တာကိုကြည့် ခြင်းဖြင့်အားလုံကိုဥပဒေမဲ့ဆောင်ရွက်ခဲ့ တယ်လုပ်ကြံမှုများသာဖြစ်တယ်ဆိုတာထင် ရှားပါတယ်ထိုစဉ်ကအဲ့ဒီအောင်ကျော်လင်း လို့အမည်ပေးခဲ့တဲ့စစ်ဆင်ရေးကိုကိုင်ခဲ့တဲ့ ဒုညွှန်မှူးဦးမောင်မောင်တာအသက်ထင် ရှားရှိအုံမယ်ဆိုရင်သူအသိဆုံးဖြစ်မှာပါ။  ဆက်ရန်ရှိပါတယ်

Thursday, March 6, 2014

တတိယအကြိမ်ပါတီညီလာခံအရှုပ်တော်ပုံ

၁၉၇၆ခုနှစ်မှာထိုစဉ်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ကိုယ်ရေးအရာရှိဗိုလ်ကြီး အုံကျော်မြင့်ကနိုင်ငံတော်အာဏာသိမ်းဘို့ ဆောင်ရွက်ခဲ့ပါတယ်။ထိုစဉ်ကတပ်မတော် ထောက်လှမ်းရေးမှူးချုပ်လည်းဖြစ်နိုင်ငံ တော်သမ္မတရဲ့စစ်ဖက်လက်ထောက်လည်း ဖြစ်တဲ့ဗိုလ်ချုပ်တင်ဦး(မျက်မှန်ကြီး)ကစစ် ဆေးတဲ့အခါဗိုလ်ကြီးအုံးကျော်မြင့်ကသူအာ ဏာသိမ်းဘို့လုပ်ရတဲ့အကြောင်းရင်းဟာစ နစ်ကြောင့်တိုင်းးပြည်ဆင်းရဲရသော်လည်းယခင်တော်လှန်ရေးကောင်စီဝင်တချို့သည်
နေအိမ်များတွင်ဇိမ်ခံပစ္စည်းမျိုးဇုံဖြင့်ဇိမ်ခံနေကြောင်းနေ့စဉ်နိုင်ငံခြားထုတ်အရက်မျိုးစုံ ကိုသောက်နေကြောင်းဆိုသည့်အချက်လည်းပါဝင်လာခဲ့ကြောင်းဦးနေဝင်းသိရှိသွားခဲ့သည်။ဤတွင်တတိယအကြိမ်ပါတီညီလာခံ ၏အရှုပ်တော်ပုံဇာတ်လမ်းစတင်ခဲ့ပေသည် အချို့အချက်အလက်မှာမူဦးနေဝင်းအနေ ဖြင့်တရားဝင်တိုင်းသိပြည်သိဒေါ်နီနီမြင့်နှင့် လက်ထပ်ထားပါလျက်ရတနာနတ်မယ်နှင့်လက်ထပ်ခဲ့သည့်အချက်လည်းပါဝင်မှာသေ ချာသည်။
တတိယအကြိမ်ပါတီညီလာခံတွင်ဗဟို ကော်မတီဝင်များအနက်မှ၄၀ရာခိုင်နှုန်းကို
လဲလှယ်ရမည်ဆိုသည့်ပါတီစည်းမျဉ်းကိုအ သုံးချရန်ဦးနေဝင်းကြံလေပြီ။ သူနှင့်လက် တွဲပြီးတောက်လျောက်လုပ်ကိုင်လာသူများ ကိုလက်တွဲဖြုတ်ဘို့ကြံလေပြီ။ပါတီအတွင်း ပါတီဝင်အများစုကြည်ညိုခံရသောအတွင်းရေးမှူးဦးထွန်းလင်း ဦးသန်းစိန်ဗဟိုကော်မ တီဝင်ဦးတင်ဝင်းညို ဦးတင်အေးကျော်တို့ကို နေအိမ်တွင်ခေါ်တွေ့ပြီးယခင်တော်လှန်ရေး ကောင်စီဝင်တချို့နှင့်သူလက်မတွဲနိုင်တော့ ကြောင်းသူတို့လုပ်ရပ်တွေကြောင့်တပ်မ တော်မှအရာရှိငယ်များကပင်သူကိုပုန်ကန် လာပြီဖြစ်ကြောင်းဒါကြောင့်တတိယအကြိမ်ပါတီညီလာခံတွင်အနားပေးမည့်၄၀ရာခိုင် နှုန်းတွင်ထိုလူများကိုထဲ့သွင်းလက်တွဲဖြုတ် နိုင်ရေးဆောင်ရွက်ပေးရန်ပြောကြားခဲ့ သည်။ယင်းသို့လုပ်ဆောင်ရမည့်ကိစ္စသည် ပါတီစည်းကမ်းနှင့်ညှိစွန်းနေကြောင်းအား လုံးသိကြသော်လည်းပါတီဥက္ကဋ္ဌ၏ဆန္ဒကို ဖြည့်စွမ်းနိုင်ရန်အလို့ငှာ၎င်းတို့အဖွဲ့မှလျှိုဝှက်စွာဆောင်ရွက်ရန်ဆုံးဖြတ်ခံ့ကြသည်။
သို့သော်နယ်အသီးသီးရှိဒေသပါတီကော် မတီဝင်များကဦးနေဝင်းစကားကိုလက်မခံ တော်လှန်ရေးကောင်စီဝင်များသည်၎င်းတို့ လေးစားကြည်ညိုသောဆရာသမားများဖြစ် နေသဖြင့်ဦးနေဝင်းနှုတ်မှစကားအမှန်ကို ကိုယ်တိုင်ကြားလိုကြသည်။ဤတွင်ဦးထွန်း လင်းနှင့်အဖွဲ့မှဦးနေဝင်းအားပြန်လည်တင် ပြခဲ့သည်။ဦးနေဝင်းမှဒေသပါတီကော်မတီ များစိတ်ချရမည့်သူများကိုရွေးခေါ်စေခဲ့ပြီးတွေ့ခဲ့သည်။အားလုံကလက်မခံလိုသည့်သ ဘောတွေ့သည့်အခါမျက်ရည်ကျပြီးသူတို့ ဆက်ပါလျင်သူမလုပ်တော့ကြောင်းပြောဆို သည်။အားလုံးကလည်းနိုင်ငံရေးခေါင်း ဆောင်သံယောဇဉ်ဖြင့်ဆောင်ရွက်ပေးရန် ဆုံဖြတ်ခဲ့ကြသည်။ ၁၉၇၇ခုနှစ်ပါတီညီလာ ခံကျင်းပပြုလုပ်သည့်အချိန်တွင်တော်လှန် ရေးကောင်စီဝင်ဟောင်တချို့ပါတီထဲတွင်ပြန်မပါလာသလိုဦးနေဝင်းလုပ်ရပ်အပေါ်မ ကြေနပ်သည့်ညီလာခံကိုယ်စားလှယ်၃ဦး ကမဲမပေးခဲ့သဖြင့်ဦးနေဝင်းဗဟိုကော်မတီ စာရင်းတွင်တတိယနေရာသို့ရောက်ရှိသွား ခဲ့သည်။နောက်Ecအဖွဲ့နှင့်အတွင်းရေးမှူး များနေရာတွင်ပါတီတွင်းလူကြည်ညိုလေး စားခံရသောသူများနေရာရလာခဲ့ကြသည်။

Sunday, March 2, 2014

အဖေ့မိတ်ဆွေများအဆက်

ulအဖေခေါ်တဲ့ကိုညို( ဦးတင်ဝင်းညို )
ရှမ်းတိုင်းသားမျိုးနွယ်ဖွားပါ။တပ်မတော်မှာ ဒုဗိုလ်မှူးကြီးအဆင့်ထိတာဝန်ထမ်းဆောင် ခဲ့ပါတယ်။အရပ်မနိမ့်မမြင့်အသားဖြူပြီးအ မြဲပြုံးနေတတ်ပါတယ်၊။မဆလခေတ်မှာဒေ သပါတီဥက္ကဌစည်းရုံးရေးဌာနကြီးမှူးအတွင်းရေးမှူးများအဖွဲ့ဝင်နောက်ဆုံးပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင်တာဝန် တွေကိုတဆင့်ပြီးတဆင့်ရွေးချယ်ခံဆောင် ရွက်ခဲ့သူပါ။၁၉၇၇ခုတတိယအကြိမ်ပါတီညီ လာခံမှာမဲအများဆုံနဲ့နံပါတ်၁ကိုရရှိခဲ့ပါတယ်။အဲ့ဒီခေတ်အင်းစိန်အောင်ဆန်းရပ်ကွက် ဆိုတဲ့မြို့အစွန်လေးမှာကိုယ်ပိုင်တိုက်လေး တစ်လုံးနဲ့ရိုးရိုးသားသားနေခဲ့သူပါ။မဆလ ပါတီခေတ်မှာပါတီတွင်းရိုသေလေးစားခံရ မှုများလာတော့ပါတီတွင်းကိစ္စကိုဒီမိုကရေစီ နည်းအရမဖြေရှင်းဘဲအာဏာနာသုံးစွဲဖြေ ရှင်းခံခဲ့ရလို့၁၉၇၈ခုနှစ်မှာထောင်ထဲရောက် သွားရရှာပါတယ်။အခုတော့ဆုံးသွားရှာပါပြီ။
အန်ကယ်သန်းစိန်( ရခိုင် )
မဆလခေတ်အမြုတေပါတီကာလပြည်သူ့ ပါတီကာလမှာဦသနးစိန်၂ယောက်ရှိခဲ့လို့အဲ့ ဒီကတည်းက(ရခိုင်  )လို့နောက်မှာရေးခဲ့ကြ
တာပါ။ အမြူတေပါတီခေတ်စည်းရုံးရေးဌာ နမှူးလုပ်ပြီးတပ်ပြန်ဗိုလ်မှူးကြီးရာထူးနဲ့ပထမအကြိမ်ညီလာခံကိုတပ်မတော်စည်းရုံး ရေးကော်မတီကိုယ်စားလှယ်အနေနဲ့ဝင်ပြီး ပထမအကြိမ်ပါတီညီလာခံကနေအတွင်း ရေးမှူး၃အဲ့ဒီကမှအဆင့်ဆင့်တတိယအကြိမ်ညီလာခံတွင်ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်အဖြစ်ရွေးချယ်ခံခဲ့ရသည်။အဲ့ဒီ နောက်နိုင်ငံတော်ကောင်စီဝင်ကနေဘဏ္ဍာ ရေးဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးအပ် ခံခဲ့ရပါတယ်။ပါတီတွင်းအင်အားပြိုင်လိုတဲ့ အဖွဲ့ရဲ့စိုးရိမ်မှုတွေကြောင့်နိုင်ငံရေးအရမ ဖြေရှင်းဘဲဦးတင် ဝင်းညိုကဲ့သို့ဘဲအာဏာ သုံးဖြေရှင်းနည်းနဲ့မဟုတ်တာအကွက်ချကာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
သူလည်းအခုမရှိရှာတော့ပါ။
အဲ့ဒီ၂ဦးစလုံးဟာမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအတွင်းမှာလူအကြည်ညိုခံရတဲ့တပ်
တော်စည်းရုံးရေးကော်မတီအဆင့်ဆင့်ရွေး ချယ်ခံရပြီးပါတီတွင်းအဆင့်မြင့်တာဝန်တွေ ရွေးချယ်တာ ဝန်ပေးအပ်ခံခဲ့ရတဲ့ရိုးသားတဲ့ စစ်သားနိုင်ငံရေးသမား၂ဦးဖြစ်ပါတယ်။
တာဝန်မရှိလစာအထောက်အပံ့မရှိချိန်မှာ တော့ခြံစိုက်သားးသမီးတွေရဲ့ဝိုင်းဝန်းပံ့ပိုးမှု များနဲ့နေထိုင်ခဲ့ကြရသည်။ဘာကုမ္ပဏီလဲ မပိုင် ဟော်တယ်လဲမရှိ။သားသမီးတွေထောက်ပံ့တယ်ဆိုတာလဲသူ တို့အခွင့်အာဏာရှိတုံးကလုပ်ပေးခဲ့တဲ့လုပ် ငန်းတွေကရတဲ့ငွေနဲ့မဟုတ်။ဝန်ထမ်း ဒါမှမ ဟုတ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်လေး တွေကရတဲ့ငွေများသာဖြစ်သည်။ ယနေ့သူ များ၏ချမ်းသာကြွယ်ဝမှု စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုနှင့်နှိုင်းယှဉ်ပါကမည်သို့မျှမဆိုင် တိုင်ပြည်ဘဏ္ဏာလဲမခိုးစီးပွားရေးသမားတွေကိုလုပ်ပိုင်ခွင့်နှင့်ပေါင်းပြီးတိုင်းပြည်ရဲ့သံ
ယံဇာတတွေကိုလဲရောင်းမစားခဲ့ကြပါ။  ဒါ့အပြင်ဘွဲ့ဂုဏ်ထူးတံဆိပ်တွေလည်ပင်းဆွဲ နံမည်ရှေ့မှာဘာညာဂုဏ်ဘွဲ့အမည်တွေလဲမတတ်ခဲ့ကြရ။ စစ်သားနိုင်ငံရေးသမားချင်း တူတူ နှိုင်းယှဉ်ကြည့်ကြစေချင်သည်။တူပါ၏လော။
မတူပါ။တပ်မတော်သားဘဝကတည်းက စိတ်ဓါတ်ကတိုင်းပြည်နဲ့လူမျိုးအတွက်ဘဲ ဆိုတဲ့သံဓိဌာန်ချခဲ့ကြတာကိုး။
ဒါကြောင့်သူတွေနောက်ကြောင်းအေးခဲ့ကြ ရပါသည်။မဆလခေတ်နိုင်ငံရေးကြောင်ဖား ကြီးဦးနေဝင်းနှင့်နိုင်ငံရေးလုပ်စားသူလူတစ်စု၏ညစ်ပတ်မှုဖြင့်နိုင်ငံရေးအသေသတ်ခံ ရသော်လည်းထိုစဉ်ကပြည်သူအများစုက
ညစ်ပတ်ခံရမှုကိုသိကြပါသည်။ပြည်သူကမ ချစ်တောင်မမုန်းခဲ့ပါ။မကဲ့ရဲ့ခဲ့ပါ။ယခုခေတ် ပြည်သူများကမျက်စိပွင့်ပြီးသားဖြစ်သည်။ ဘယ်လုပ်ငန်းကဘယ်သူဟာဘယ်ဟော် တယ်ကဘယ်သူဟော်တယ်ဘယ်လုပ်ငန်း ရှင်ဆီမှာဘယ်သူတွေရှယ်ယာဝင်ထားတယ်ဆိုတာသတင်းပျံ့နေပါသည်။နိုင်ငံအတွက်ကိုယ်ကျိုးမပါဘဲလုပ်ခဲ့သူဒီ နောက်ပိုင်းခေတ်ရှိနိုင်ပါ၏လော ရှိတော့ မည်မထင်ပါ။ ဒီမိုကရေစီခေတ်တွင်အရင်အ ကျင့်ဆိုးတွေထားပြီးနိုင်ငံရေးညစ်ပတ်မှုမရှိလျင်တိုင်းပြည်တိုးတက်နိုင်ပါမည်။လူတိုင်း ရည်ရွယ်ချက်ကိုသနားစရာကောင်းသော ငါတို့ပြည်သူတွေနဲ့ငါတို့နိုင်ငံအတွက် ငါတို့ အာဏာမမက်ဘဲကျရာနေရာကတာဝန်ကျေအောင်ဆောင်ရွက်မည်ဆိုတဲ့စိတ်ဓါတ် ခိုင်ခိုင်မာမာမွေးမြူသင့်ပြီဟုယူဆမိပါသည်

ဝေဖန်အကြံပြုနိုင်ပါသည်။စာမူသုံးစွဲခွင့်ပြု ပါသည်၊

မဆလပါတီဘာကြောင့်ကျဆုံးရသလဲ ခေါင်းစဉ်ဖြင့်ဆက်လက်ရေးသားဖေါ်ပြပါ မည်။
တတိယအကြိမ်ပါတီညီလာခံအရှုပ်တော် ပုံများအကြောင်းဆက်လက်ရေးသားဖေါ် ပြပါမည်။

ကျနော်သိခဲ့သောမဆလပါတီခေတ်အဖေ့မိတ်ဆွေများအကြောင်း

လူတိုင်းမုန်းခဲ့သောမဆလဆိုပေမဲ့သမိုင်းဆိုတာညင်းမရပါ။မဆလခေတ်မှာရိုးသား
စွာနဲ့နိုင်ငံရေးသက်ဝင်ယုံကြည်ပြီးနိုင်ငံအ
တွက်လုပ်ခဲ့တဲ့သူတွေအကြောင်းအများသိ
သင့်တယ်ထင်လို့နောက်မဖျောက်သင့်တဲ့
သမိုင်းတစ်ခုလို့ယူဆပြီးဒီblogge ကိုစတင်
ဖွင့်ရခြင်းဖြစ်ပါတယ်။ဖတ်ပြီးအခုသက်ရှိ
ထင်ရှားရှိသူတစညပါတီကဘဲဖြစ်ဖြစ်အ
ခြားမည်သူမဆိုထောက်ပြညင်းနိုင်ပါတယ်
အကြံပြုဖြည့်စွက်နိုင်ပါတယ်။ဆက်တင်ပြသွားပါမယ်။
မန်းငွေအောင်
ဦးလေးကအင်မတန်မဆလပါတီအပေါ်
သက်ဝင်ယုံကြည်သူဖြစ်တယ်။ပျော်ပျော်
နေတတ်ပြီးပါတီခေါင်းဆောင်တိုင်းအပေါ်
လေးစားယုံကြည်မှုအပြည့်ရှိသူဖြစ်တယ်။
သူဇနီးဆရာမအန်တီနော်တင်ဦးသား၂
ယောက်ငယ်နံမည်ကြက်တော ။ဝက်တော
တို့ကလည်းတိုင်းရင်းသားပီပီပွင့်လင်းကြ
တယ်။
ကျနော်ဦးလေးကိုစသိစဉ်က၁၃နှစ်၁၄နှစ်
သားလောက်ပါ။အဲ့ဒီတုံးကဗဟန်းပါတီယူ
နစ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌဖြစ်ပါတယ်
ကရင်တိုင်းရင်းသားလူငယ်ခေါင်းဆောင်လို့
အမည်မတတ်နိုင်ပေမဲ့လည်းဒုံးယိမ်းကတာ
အရမ်းကြည့်ကောင်းခဲ့ပါတယ်။သူခေတ်က
တော့ဗဟန်းမြို့နယ်အတွင်းပါတီဝင်အများစု
လေးစားကြည်ညိုခံခဲ့ရသူတစ်ဦးဆိုရင်မညင်းနိုင်ကြဘူးထင်ပါတယ်။
ဒါပေမဲ့ဦလေးရဲ့နောက်ဆုံးခရီးနဲ့သမိုင်းဟာ
မဆလပါတီခေတ်မှာအမဲစက်ဖြစ်ခဲ့တယ်ဆို
ပေမဲ့ဦးလေးပါတီအပေါ်ဘယ်လောက်ချစ်
တယ်အဲ့ဒီခေတ်ကပါတီခေါင်းဆောင်ဆိုသူ
တွေအပေါ်ဘယ်လောက်ချစ်တယ်ဆိုတာ
က္ဈန်တော်သိပါတယ်။
လူမျိုးရေးဝါဒရေးရာမပါတဲ့ကိုယ်ကချစ်ပါလျက်သူကဥပက္ခာပြုရက်တယ်ဆိုတဲ့ခံပြင်းတဲ့
စိတ်တအားကြီးသွားပြီးမထိန်းချုပ်နိုင်လို့ဖြစ်သွားရတယ်ထင်ပါတယ်။
အရှိန်ပြင်းပြင်းနဲ့ပစ်လိုက်တဲ့ဘောလုံးကိုနံ့ရံ
ကာလိုက်တော့ရှေ့မဆက်နိုင်ဘဲနောက်ကို
ဘဲအရှိန်ပြင်းပြင်းပြန်တဲ့သဘောလို့ထင်ပါ
တယ်။
နောက်တစ်ဦးမန်းညွန့်မောင်( စာရေးဆရာ )ဖြစ်ပါတယ် ကုန်သွယ်ရေး
ဝန်ထမ်းပါတီကေဒါပါ။ဦမန်းငွေအောင်နဲ့ရင်းနှီးတဲ့သူပါ စာရေးဆ
ရာပြီပြီစကာပြောအလွန်ကောင်းပါတယ်
မဆလခေတ်ကပါတီရဲ့မူဝါဒသဘောတရား
တွေကိုလေ့လာရင်းအဖေနဲ့အပြန်ဆွေးနွေး
လေ့ရှိသူပါ အဲ့လိုဆွေးနွေရင်းဦးမန်းငွေ
အောင်နဲ့ညင်းခုန်တတ်ကြတယ်
တပ်မတော်အစိုးရလက်ထက်၁၉၉၀ခုလောက်ထင်ပါတယ်တောခိုတာမဟုတ်ပါဘူး
စင်္ကာပူကိုထွက်သွားပါတယ်သူကအဲ့ဒီက
တည်းကပါတီရွှဲလုပ်ရပ်တချို့မူဝါဒတချို့ကို
ဗြောင်ဝေဖန်ပြောဆိုရဲတတ်တဲ့ကေဒါတစ်
ဦးပါ။
ဦးသိန်းညွန့်( ကော့ကရိတ် )စာရေးဆရာပါ
နိုင်ငံရေးဆောင်းပါးတွေသတင်းစာတွေမှာ အများဆုံးရေးပါတယ်။တက္ကသိုလ်ကျောင်း သားဘဝနဲ့နိုင်ငံရေးလှုပ်ရှားခဲ့လို့ထောင် ကျ ပြီးပြန်လွှတ်ပေးလိုက်တဲ့သူပါ။အဲ့ဒီ၃ယော က်စလုံးရဲ့ရည်ရွယ်ချက်ဟာဒီကနေ့ပြော ပြောနေတဲ့အမျိုးသားနိုင်ငံရေးစိတ်ဓာတ် ရှိ သူများမို့ပါတီစည်းရုံးရေးဗဟိုကော်မတီ ရဲ့ တာဝန်ပေးချက်အရအဖေကပါတီရဲ့မူဝါဒတွေလမ်းစဉ်တွေကိုရှင်းချပြစည်းရူံးခဲ့တာလို့
သိထားခဲ့ရပါတယ်။၃ယောက်စလုံးလည်း
တကယ့်ပါတီကေဒါကောင်းတွေအဖြစ်ရပ်
တည်နိုင်ခဲ့ကြတယ်လို့မှတ်ချက်ပြုဘူးးပါ တယ်။