Sunday, March 2, 2014

အဖေ့မိတ်ဆွေများအဆက်

ulအဖေခေါ်တဲ့ကိုညို( ဦးတင်ဝင်းညို )
ရှမ်းတိုင်းသားမျိုးနွယ်ဖွားပါ။တပ်မတော်မှာ ဒုဗိုလ်မှူးကြီးအဆင့်ထိတာဝန်ထမ်းဆောင် ခဲ့ပါတယ်။အရပ်မနိမ့်မမြင့်အသားဖြူပြီးအ မြဲပြုံးနေတတ်ပါတယ်၊။မဆလခေတ်မှာဒေ သပါတီဥက္ကဌစည်းရုံးရေးဌာနကြီးမှူးအတွင်းရေးမှူးများအဖွဲ့ဝင်နောက်ဆုံးပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင်တာဝန် တွေကိုတဆင့်ပြီးတဆင့်ရွေးချယ်ခံဆောင် ရွက်ခဲ့သူပါ။၁၉၇၇ခုတတိယအကြိမ်ပါတီညီ လာခံမှာမဲအများဆုံနဲ့နံပါတ်၁ကိုရရှိခဲ့ပါတယ်။အဲ့ဒီခေတ်အင်းစိန်အောင်ဆန်းရပ်ကွက် ဆိုတဲ့မြို့အစွန်လေးမှာကိုယ်ပိုင်တိုက်လေး တစ်လုံးနဲ့ရိုးရိုးသားသားနေခဲ့သူပါ။မဆလ ပါတီခေတ်မှာပါတီတွင်းရိုသေလေးစားခံရ မှုများလာတော့ပါတီတွင်းကိစ္စကိုဒီမိုကရေစီ နည်းအရမဖြေရှင်းဘဲအာဏာနာသုံးစွဲဖြေ ရှင်းခံခဲ့ရလို့၁၉၇၈ခုနှစ်မှာထောင်ထဲရောက် သွားရရှာပါတယ်။အခုတော့ဆုံးသွားရှာပါပြီ။
အန်ကယ်သန်းစိန်( ရခိုင် )
မဆလခေတ်အမြုတေပါတီကာလပြည်သူ့ ပါတီကာလမှာဦသနးစိန်၂ယောက်ရှိခဲ့လို့အဲ့ ဒီကတည်းက(ရခိုင်  )လို့နောက်မှာရေးခဲ့ကြ
တာပါ။ အမြူတေပါတီခေတ်စည်းရုံးရေးဌာ နမှူးလုပ်ပြီးတပ်ပြန်ဗိုလ်မှူးကြီးရာထူးနဲ့ပထမအကြိမ်ညီလာခံကိုတပ်မတော်စည်းရုံး ရေးကော်မတီကိုယ်စားလှယ်အနေနဲ့ဝင်ပြီး ပထမအကြိမ်ပါတီညီလာခံကနေအတွင်း ရေးမှူး၃အဲ့ဒီကမှအဆင့်ဆင့်တတိယအကြိမ်ညီလာခံတွင်ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်အဖြစ်ရွေးချယ်ခံခဲ့ရသည်။အဲ့ဒီ နောက်နိုင်ငံတော်ကောင်စီဝင်ကနေဘဏ္ဍာ ရေးဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးအပ် ခံခဲ့ရပါတယ်။ပါတီတွင်းအင်အားပြိုင်လိုတဲ့ အဖွဲ့ရဲ့စိုးရိမ်မှုတွေကြောင့်နိုင်ငံရေးအရမ ဖြေရှင်းဘဲဦးတင် ဝင်းညိုကဲ့သို့ဘဲအာဏာ သုံးဖြေရှင်းနည်းနဲ့မဟုတ်တာအကွက်ချကာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
သူလည်းအခုမရှိရှာတော့ပါ။
အဲ့ဒီ၂ဦးစလုံးဟာမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအတွင်းမှာလူအကြည်ညိုခံရတဲ့တပ်
တော်စည်းရုံးရေးကော်မတီအဆင့်ဆင့်ရွေး ချယ်ခံရပြီးပါတီတွင်းအဆင့်မြင့်တာဝန်တွေ ရွေးချယ်တာ ဝန်ပေးအပ်ခံခဲ့ရတဲ့ရိုးသားတဲ့ စစ်သားနိုင်ငံရေးသမား၂ဦးဖြစ်ပါတယ်။
တာဝန်မရှိလစာအထောက်အပံ့မရှိချိန်မှာ တော့ခြံစိုက်သားးသမီးတွေရဲ့ဝိုင်းဝန်းပံ့ပိုးမှု များနဲ့နေထိုင်ခဲ့ကြရသည်။ဘာကုမ္ပဏီလဲ မပိုင် ဟော်တယ်လဲမရှိ။သားသမီးတွေထောက်ပံ့တယ်ဆိုတာလဲသူ တို့အခွင့်အာဏာရှိတုံးကလုပ်ပေးခဲ့တဲ့လုပ် ငန်းတွေကရတဲ့ငွေနဲ့မဟုတ်။ဝန်ထမ်း ဒါမှမ ဟုတ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်လေး တွေကရတဲ့ငွေများသာဖြစ်သည်။ ယနေ့သူ များ၏ချမ်းသာကြွယ်ဝမှု စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုနှင့်နှိုင်းယှဉ်ပါကမည်သို့မျှမဆိုင် တိုင်ပြည်ဘဏ္ဏာလဲမခိုးစီးပွားရေးသမားတွေကိုလုပ်ပိုင်ခွင့်နှင့်ပေါင်းပြီးတိုင်းပြည်ရဲ့သံ
ယံဇာတတွေကိုလဲရောင်းမစားခဲ့ကြပါ။  ဒါ့အပြင်ဘွဲ့ဂုဏ်ထူးတံဆိပ်တွေလည်ပင်းဆွဲ နံမည်ရှေ့မှာဘာညာဂုဏ်ဘွဲ့အမည်တွေလဲမတတ်ခဲ့ကြရ။ စစ်သားနိုင်ငံရေးသမားချင်း တူတူ နှိုင်းယှဉ်ကြည့်ကြစေချင်သည်။တူပါ၏လော။
မတူပါ။တပ်မတော်သားဘဝကတည်းက စိတ်ဓါတ်ကတိုင်းပြည်နဲ့လူမျိုးအတွက်ဘဲ ဆိုတဲ့သံဓိဌာန်ချခဲ့ကြတာကိုး။
ဒါကြောင့်သူတွေနောက်ကြောင်းအေးခဲ့ကြ ရပါသည်။မဆလခေတ်နိုင်ငံရေးကြောင်ဖား ကြီးဦးနေဝင်းနှင့်နိုင်ငံရေးလုပ်စားသူလူတစ်စု၏ညစ်ပတ်မှုဖြင့်နိုင်ငံရေးအသေသတ်ခံ ရသော်လည်းထိုစဉ်ကပြည်သူအများစုက
ညစ်ပတ်ခံရမှုကိုသိကြပါသည်။ပြည်သူကမ ချစ်တောင်မမုန်းခဲ့ပါ။မကဲ့ရဲ့ခဲ့ပါ။ယခုခေတ် ပြည်သူများကမျက်စိပွင့်ပြီးသားဖြစ်သည်။ ဘယ်လုပ်ငန်းကဘယ်သူဟာဘယ်ဟော် တယ်ကဘယ်သူဟော်တယ်ဘယ်လုပ်ငန်း ရှင်ဆီမှာဘယ်သူတွေရှယ်ယာဝင်ထားတယ်ဆိုတာသတင်းပျံ့နေပါသည်။နိုင်ငံအတွက်ကိုယ်ကျိုးမပါဘဲလုပ်ခဲ့သူဒီ နောက်ပိုင်းခေတ်ရှိနိုင်ပါ၏လော ရှိတော့ မည်မထင်ပါ။ ဒီမိုကရေစီခေတ်တွင်အရင်အ ကျင့်ဆိုးတွေထားပြီးနိုင်ငံရေးညစ်ပတ်မှုမရှိလျင်တိုင်းပြည်တိုးတက်နိုင်ပါမည်။လူတိုင်း ရည်ရွယ်ချက်ကိုသနားစရာကောင်းသော ငါတို့ပြည်သူတွေနဲ့ငါတို့နိုင်ငံအတွက် ငါတို့ အာဏာမမက်ဘဲကျရာနေရာကတာဝန်ကျေအောင်ဆောင်ရွက်မည်ဆိုတဲ့စိတ်ဓါတ် ခိုင်ခိုင်မာမာမွေးမြူသင့်ပြီဟုယူဆမိပါသည်

ဝေဖန်အကြံပြုနိုင်ပါသည်။စာမူသုံးစွဲခွင့်ပြု ပါသည်၊

မဆလပါတီဘာကြောင့်ကျဆုံးရသလဲ ခေါင်းစဉ်ဖြင့်ဆက်လက်ရေးသားဖေါ်ပြပါ မည်။
တတိယအကြိမ်ပါတီညီလာခံအရှုပ်တော် ပုံများအကြောင်းဆက်လက်ရေးသားဖေါ် ပြပါမည်။

No comments:

Post a Comment