ပါတီတွင်ပြန်လည်ပါဝင်ခွင့်မရှိခဲ့သောပုဂ္ဂိုလ်များကလည်းပထမတွင်ဦးနေဝင်းလုပ် ရပ်ဟုမထင်ဘဲပါတီတွင်းအုပ်စုဖွဲ့လုပ်ကြံခံ လိုက်ရပြီဟုယူဆကြသည်။ဦးနေဝင်းကသူ လုပ်ရပ်ဟုအသိမခံလိုဘဲချော်လဲရောထိုင် လုပ်နေခဲ့သည်။နောက်ပိုင်းတော့အားလုံး အဖြစ်မှန်ကိုသိသွားကြသည်။ဦးနေဝင်းအ နေဖြင့်သူဆန္ဒအတိုင်းချောမွေ့စွာလုပ်ပေးခဲ့ သည်ဦထွန်းလင်း ဦးတင်အေးကျော်နှင့်အဖွဲ့ ကိုချောက်ခြားလာပြီးမဲ၃မဲလျော့သည့်ကိစ္စ မှာသူကိုပင်ခြိမ်းခြောက်သည့်သဘောဟု ထင်ကာပါတီအစည်းဝေးတိုင်းတွင်အဆင်မ ပြေဖြစ်လာခဲ့သည်။ဤတွင်ထောက်လှမ်း ရေးမှူးချုပ်မျက်မှန်ကြီးကိုအားကိုးရတော့ သည်။မျက်မှန်ကြီးကသူလက်အောက်စစစ
ကိုတာဝန်ပေးပြီးပါတီတွင်းဖြိုခွဲမှုကိုစတင်ပြု လုပ်ရန်စီစဉ်ခဲ့လေပြီ။ဦးထွန်းလင်းဦးသန်းစိန်ဦးတင်ဝင်းညို ဦးတင်အေးကျော်တို့အဖွဲ့အင်အားစုကလည်းချွတ်ခြုံကျနေတဲ့နိုင်ငံ့စီးပွားရေးစနစ်ကို ဈေးကွက်စီးပွားရေးစနစ်ဖြင့်အကောင်အထည်ဖေါ်နိုင်ရေးလုံးပမ်းနေခဲ့သည်။သူတို့ကို ချောင်းနေပြီလို့မထင်။ဒီအချိန်တွင်ဦးနေ ဝင်းကEC အစည်းအဝေးခေါ်ပြီး ပြီးခဲ့တာ တွေထားလိုက်ကြဘို့ညီညီညွတ်ညွတ်နဲ့စီး ပွားရေးအဓိကနလန်ထူလာပြီးတိုးတက် အောင်လုပ်ကြဘို့သူလဲပြီးခဲ့တာတွေမေ့ လိုက်ပြီဖြစ်ကြောင်းအချိုသပ်ချွေးသိမ့်ခဲ့ ပါသေးသည်။ရိုးသာပွင့်လင်းတဲ့နိုင်ရေးခေါင်းဆောင်ကောင်းရဲဘောရဲဘက်စိတ်ထားတွေမရှိဘဲ သူထက်သာမည်သူအတွက်နာနိုင်သည်ယူ ဆလျင်သူကဦးအောင်တွယ်တတ်သည့်အကျင့်ကလိမ်စေ့ကြတဲ့နိုင်ငံရေးညစ်နည်း ပေါင်စုံအတတ်ပညာအစွမ်းတို့ကိုပြရန်ပြင် ဆင်ခဲ့ပြန်သည်။ အခါပေးမျက်မှန်ကြီးကလဲ သူသြဇာတံခိုးကြီးထွားဘို့ကြိတ်ကြံလေပြီ။ ဦးနေဝင်းရဲ့သမိုင်းတလျေက်ပြန်ကြည့်ပါက လဲသူနဲ့ယှဉ်လာလို့ဖယ်ထုတ်ခဲ့တဲ့သူတွေမ နဲပါ။ ဦးအောင်ရွှေ ဦးအောင်ကြီးဗိုလ်ချုပ် တင်ဖေ ဗိုလ်မှူးကြီးတန်ယုဆိုင်တို့ဘဲဖြစ် ပါ သည်။နောက်ပိုင်းတပ်မတော်တွင်တပ်မှ ချစ်ကြည်လေးစားခံရသူဗိုလ်ချုပ်ကြီးတင်ဦး ယခုNldပါတီပါ။တပ်မှာတန်ခိုးထွားလာ တော့ဝါကျွတ်ချိန်မှာစစ်သံမှူးတွေကန် တော့တာကိုအကြောင်းပြပြီးဖယ်ဘို့လုပ်ပါ တယ်။ပါတီCECအစည်းအဝေးမှာသူက ပြောတော့ဝိုင်းမေတ္တာရပ်ခံကြပါတယ်။အ များဆန္ဒကိုလေးစားပေးသလိုနဲ့ကာကွယ် ရေးတော့မထားဘူးကုန်သွယ်ရေးတာဝန် ပေးမယ်လို့ဆုံးဖြတ်ပြီးညသတင်းကျတော့ တာဝန်အပြီးရုတ်သိမ်းလိုက်တယ်။ဒါဟာ ပါတီအတွင်းဒီမိုကရေစီမဟုတ်အာဏာ ရှင် ဆံခဲ့တာမဟုတ်ဘူးလားးဗျာ
ဦးနေဝင်းဟာအချိုသပ်ပြီးမကြာမီမှာတပ်မ တော်ထောက်လှမ်းရေးကိုဝကွက်အပ်ခဲ့ပြီး ဦးတင်အေးကျော်ဦးထွန်းလင်းဦးသန်းစိန် ဦးတင်ဝင်းညိုနဲ့ဦးဇော်ဖေတို့ကိုအင်းစိန် ထောင်အတွင်းထဲ့ကာပါတီတွင်းကိစ္စများကို စစ်ဆေးခဲ့ပြီးကျန်ဗဟိုကော်မတီအချို့နှင့်ညီ လာခံကိုယ်စားလှယ်အချို့ကိုတော့ကုန်းမြင့် သာယာမှာခေါ်ယူစစ်ဆေးခဲ့ပါတယ်။နောက်
ပိုင်းပါတီစည်းကမ်းနဲ့အမျိုးမျိုးစွပ်စွဲကာအရေးယူခဲ့ပါတယ်။ဦးထွန်းလင်းဦးသန်းစိန် ဦးတင်ဝင်းညိုဦးဘိုနီ ဦးတင်အေးကျော် နဲ့ ဦဇော်ဖေတို့ကိုတော့စီးပွားရေးမသမာမှုပုဒ် မများတပ်ကာ အပက၃ပုဒ်များတတ်ပြီးတ ရားစွဲဆိုခဲ့ပါတယ်။ထိုစဉ်ကဦးတင်အေးကျော်ကိုဖွဲ့စည်ပုံအခြေ ခံဥပဒေပြဌာန်ရေးကြိုတင်ပြင်ဆင်မှုကော်မ တီခရီးစဉ်မှာငွေ၆၃၅ိ ကိုအလွဲသုံးစားပြုခဲ့
တယ်လို့စွပ်စွဲပြီးပြည်ထဲရေးဝန်ကြီးဌာနအ မိန့်အရငွေ၁၅၀၀ိထက်မပိုပါကအပက၃နဲ့ တရားမစွဲရဆိုတဲ့ညွှန်ကြားချက်ကိုကျော်လွန်ပြီး စစစ ကတရားစွဲတင်ပို့တာကိုကြည့် ခြင်းဖြင့်အားလုံကိုဥပဒေမဲ့ဆောင်ရွက်ခဲ့ တယ်လုပ်ကြံမှုများသာဖြစ်တယ်ဆိုတာထင် ရှားပါတယ်ထိုစဉ်ကအဲ့ဒီအောင်ကျော်လင်း လို့အမည်ပေးခဲ့တဲ့စစ်ဆင်ရေးကိုကိုင်ခဲ့တဲ့ ဒုညွှန်မှူးဦးမောင်မောင်တာအသက်ထင် ရှားရှိအုံမယ်ဆိုရင်သူအသိဆုံးဖြစ်မှာပါ။ ဆက်ရန်ရှိပါတယ်
Friday, March 7, 2014
တတိယအကြိမ်ပါတီညီလာခံအရှုပ် တော်ပုံအဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment