Thursday, March 6, 2014

တတိယအကြိမ်ပါတီညီလာခံအရှုပ်တော်ပုံ

၁၉၇၆ခုနှစ်မှာထိုစဉ်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ကိုယ်ရေးအရာရှိဗိုလ်ကြီး အုံကျော်မြင့်ကနိုင်ငံတော်အာဏာသိမ်းဘို့ ဆောင်ရွက်ခဲ့ပါတယ်။ထိုစဉ်ကတပ်မတော် ထောက်လှမ်းရေးမှူးချုပ်လည်းဖြစ်နိုင်ငံ တော်သမ္မတရဲ့စစ်ဖက်လက်ထောက်လည်း ဖြစ်တဲ့ဗိုလ်ချုပ်တင်ဦး(မျက်မှန်ကြီး)ကစစ် ဆေးတဲ့အခါဗိုလ်ကြီးအုံးကျော်မြင့်ကသူအာ ဏာသိမ်းဘို့လုပ်ရတဲ့အကြောင်းရင်းဟာစ နစ်ကြောင့်တိုင်းးပြည်ဆင်းရဲရသော်လည်းယခင်တော်လှန်ရေးကောင်စီဝင်တချို့သည်
နေအိမ်များတွင်ဇိမ်ခံပစ္စည်းမျိုးဇုံဖြင့်ဇိမ်ခံနေကြောင်းနေ့စဉ်နိုင်ငံခြားထုတ်အရက်မျိုးစုံ ကိုသောက်နေကြောင်းဆိုသည့်အချက်လည်းပါဝင်လာခဲ့ကြောင်းဦးနေဝင်းသိရှိသွားခဲ့သည်။ဤတွင်တတိယအကြိမ်ပါတီညီလာခံ ၏အရှုပ်တော်ပုံဇာတ်လမ်းစတင်ခဲ့ပေသည် အချို့အချက်အလက်မှာမူဦးနေဝင်းအနေ ဖြင့်တရားဝင်တိုင်းသိပြည်သိဒေါ်နီနီမြင့်နှင့် လက်ထပ်ထားပါလျက်ရတနာနတ်မယ်နှင့်လက်ထပ်ခဲ့သည့်အချက်လည်းပါဝင်မှာသေ ချာသည်။
တတိယအကြိမ်ပါတီညီလာခံတွင်ဗဟို ကော်မတီဝင်များအနက်မှ၄၀ရာခိုင်နှုန်းကို
လဲလှယ်ရမည်ဆိုသည့်ပါတီစည်းမျဉ်းကိုအ သုံးချရန်ဦးနေဝင်းကြံလေပြီ။ သူနှင့်လက် တွဲပြီးတောက်လျောက်လုပ်ကိုင်လာသူများ ကိုလက်တွဲဖြုတ်ဘို့ကြံလေပြီ။ပါတီအတွင်း ပါတီဝင်အများစုကြည်ညိုခံရသောအတွင်းရေးမှူးဦးထွန်းလင်း ဦးသန်းစိန်ဗဟိုကော်မ တီဝင်ဦးတင်ဝင်းညို ဦးတင်အေးကျော်တို့ကို နေအိမ်တွင်ခေါ်တွေ့ပြီးယခင်တော်လှန်ရေး ကောင်စီဝင်တချို့နှင့်သူလက်မတွဲနိုင်တော့ ကြောင်းသူတို့လုပ်ရပ်တွေကြောင့်တပ်မ တော်မှအရာရှိငယ်များကပင်သူကိုပုန်ကန် လာပြီဖြစ်ကြောင်းဒါကြောင့်တတိယအကြိမ်ပါတီညီလာခံတွင်အနားပေးမည့်၄၀ရာခိုင် နှုန်းတွင်ထိုလူများကိုထဲ့သွင်းလက်တွဲဖြုတ် နိုင်ရေးဆောင်ရွက်ပေးရန်ပြောကြားခဲ့ သည်။ယင်းသို့လုပ်ဆောင်ရမည့်ကိစ္စသည် ပါတီစည်းကမ်းနှင့်ညှိစွန်းနေကြောင်းအား လုံးသိကြသော်လည်းပါတီဥက္ကဋ္ဌ၏ဆန္ဒကို ဖြည့်စွမ်းနိုင်ရန်အလို့ငှာ၎င်းတို့အဖွဲ့မှလျှိုဝှက်စွာဆောင်ရွက်ရန်ဆုံးဖြတ်ခံ့ကြသည်။
သို့သော်နယ်အသီးသီးရှိဒေသပါတီကော် မတီဝင်များကဦးနေဝင်းစကားကိုလက်မခံ တော်လှန်ရေးကောင်စီဝင်များသည်၎င်းတို့ လေးစားကြည်ညိုသောဆရာသမားများဖြစ် နေသဖြင့်ဦးနေဝင်းနှုတ်မှစကားအမှန်ကို ကိုယ်တိုင်ကြားလိုကြသည်။ဤတွင်ဦးထွန်း လင်းနှင့်အဖွဲ့မှဦးနေဝင်းအားပြန်လည်တင် ပြခဲ့သည်။ဦးနေဝင်းမှဒေသပါတီကော်မတီ များစိတ်ချရမည့်သူများကိုရွေးခေါ်စေခဲ့ပြီးတွေ့ခဲ့သည်။အားလုံကလက်မခံလိုသည့်သ ဘောတွေ့သည့်အခါမျက်ရည်ကျပြီးသူတို့ ဆက်ပါလျင်သူမလုပ်တော့ကြောင်းပြောဆို သည်။အားလုံးကလည်းနိုင်ငံရေးခေါင်း ဆောင်သံယောဇဉ်ဖြင့်ဆောင်ရွက်ပေးရန် ဆုံဖြတ်ခဲ့ကြသည်။ ၁၉၇၇ခုနှစ်ပါတီညီလာ ခံကျင်းပပြုလုပ်သည့်အချိန်တွင်တော်လှန် ရေးကောင်စီဝင်ဟောင်တချို့ပါတီထဲတွင်ပြန်မပါလာသလိုဦးနေဝင်းလုပ်ရပ်အပေါ်မ ကြေနပ်သည့်ညီလာခံကိုယ်စားလှယ်၃ဦး ကမဲမပေးခဲ့သဖြင့်ဦးနေဝင်းဗဟိုကော်မတီ စာရင်းတွင်တတိယနေရာသို့ရောက်ရှိသွား ခဲ့သည်။နောက်Ecအဖွဲ့နှင့်အတွင်းရေးမှူး များနေရာတွင်ပါတီတွင်းလူကြည်ညိုလေး စားခံရသောသူများနေရာရလာခဲ့ကြသည်။

No comments:

Post a Comment