လူတိုင်းမုန်းခဲ့သောမဆလဆိုပေမဲ့သမိုင်းဆိုတာညင်းမရပါ။မဆလခေတ်မှာရိုးသား
စွာနဲ့နိုင်ငံရေးသက်ဝင်ယုံကြည်ပြီးနိုင်ငံအ
တွက်လုပ်ခဲ့တဲ့သူတွေအကြောင်းအများသိ
သင့်တယ်ထင်လို့နောက်မဖျောက်သင့်တဲ့
သမိုင်းတစ်ခုလို့ယူဆပြီးဒီblogge ကိုစတင်
ဖွင့်ရခြင်းဖြစ်ပါတယ်။ဖတ်ပြီးအခုသက်ရှိ
ထင်ရှားရှိသူတစညပါတီကဘဲဖြစ်ဖြစ်အ
ခြားမည်သူမဆိုထောက်ပြညင်းနိုင်ပါတယ်
အကြံပြုဖြည့်စွက်နိုင်ပါတယ်။ဆက်တင်ပြသွားပါမယ်။
မန်းငွေအောင်
ဦးလေးကအင်မတန်မဆလပါတီအပေါ်
သက်ဝင်ယုံကြည်သူဖြစ်တယ်။ပျော်ပျော်
နေတတ်ပြီးပါတီခေါင်းဆောင်တိုင်းအပေါ်
လေးစားယုံကြည်မှုအပြည့်ရှိသူဖြစ်တယ်။
သူဇနီးဆရာမအန်တီနော်တင်ဦးသား၂
ယောက်ငယ်နံမည်ကြက်တော ။ဝက်တော
တို့ကလည်းတိုင်းရင်းသားပီပီပွင့်လင်းကြ
တယ်။
ကျနော်ဦးလေးကိုစသိစဉ်က၁၃နှစ်၁၄နှစ်
သားလောက်ပါ။အဲ့ဒီတုံးကဗဟန်းပါတီယူ
နစ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌဖြစ်ပါတယ်
ကရင်တိုင်းရင်းသားလူငယ်ခေါင်းဆောင်လို့
အမည်မတတ်နိုင်ပေမဲ့လည်းဒုံးယိမ်းကတာ
အရမ်းကြည့်ကောင်းခဲ့ပါတယ်။သူခေတ်က
တော့ဗဟန်းမြို့နယ်အတွင်းပါတီဝင်အများစု
လေးစားကြည်ညိုခံခဲ့ရသူတစ်ဦးဆိုရင်မညင်းနိုင်ကြဘူးထင်ပါတယ်။
ဒါပေမဲ့ဦလေးရဲ့နောက်ဆုံးခရီးနဲ့သမိုင်းဟာ
မဆလပါတီခေတ်မှာအမဲစက်ဖြစ်ခဲ့တယ်ဆို
ပေမဲ့ဦးလေးပါတီအပေါ်ဘယ်လောက်ချစ်
တယ်အဲ့ဒီခေတ်ကပါတီခေါင်းဆောင်ဆိုသူ
တွေအပေါ်ဘယ်လောက်ချစ်တယ်ဆိုတာ
က္ဈန်တော်သိပါတယ်။
လူမျိုးရေးဝါဒရေးရာမပါတဲ့ကိုယ်ကချစ်ပါလျက်သူကဥပက္ခာပြုရက်တယ်ဆိုတဲ့ခံပြင်းတဲ့
စိတ်တအားကြီးသွားပြီးမထိန်းချုပ်နိုင်လို့ဖြစ်သွားရတယ်ထင်ပါတယ်။
အရှိန်ပြင်းပြင်းနဲ့ပစ်လိုက်တဲ့ဘောလုံးကိုနံ့ရံ
ကာလိုက်တော့ရှေ့မဆက်နိုင်ဘဲနောက်ကို
ဘဲအရှိန်ပြင်းပြင်းပြန်တဲ့သဘောလို့ထင်ပါ
တယ်။
နောက်တစ်ဦးမန်းညွန့်မောင်( စာရေးဆရာ )ဖြစ်ပါတယ် ကုန်သွယ်ရေး
ဝန်ထမ်းပါတီကေဒါပါ။ဦမန်းငွေအောင်နဲ့ရင်းနှီးတဲ့သူပါ စာရေးဆ
ရာပြီပြီစကာပြောအလွန်ကောင်းပါတယ်
မဆလခေတ်ကပါတီရဲ့မူဝါဒသဘောတရား
တွေကိုလေ့လာရင်းအဖေနဲ့အပြန်ဆွေးနွေး
လေ့ရှိသူပါ အဲ့လိုဆွေးနွေရင်းဦးမန်းငွေ
အောင်နဲ့ညင်းခုန်တတ်ကြတယ်
တပ်မတော်အစိုးရလက်ထက်၁၉၉၀ခုလောက်ထင်ပါတယ်တောခိုတာမဟုတ်ပါဘူး
စင်္ကာပူကိုထွက်သွားပါတယ်သူကအဲ့ဒီက
တည်းကပါတီရွှဲလုပ်ရပ်တချို့မူဝါဒတချို့ကို
ဗြောင်ဝေဖန်ပြောဆိုရဲတတ်တဲ့ကေဒါတစ်
ဦးပါ။
ဦးသိန်းညွန့်( ကော့ကရိတ် )စာရေးဆရာပါ
နိုင်ငံရေးဆောင်းပါးတွေသတင်းစာတွေမှာ အများဆုံးရေးပါတယ်။တက္ကသိုလ်ကျောင်း သားဘဝနဲ့နိုင်ငံရေးလှုပ်ရှားခဲ့လို့ထောင် ကျ ပြီးပြန်လွှတ်ပေးလိုက်တဲ့သူပါ။အဲ့ဒီ၃ယော က်စလုံးရဲ့ရည်ရွယ်ချက်ဟာဒီကနေ့ပြော ပြောနေတဲ့အမျိုးသားနိုင်ငံရေးစိတ်ဓာတ် ရှိ သူများမို့ပါတီစည်းရုံးရေးဗဟိုကော်မတီ ရဲ့ တာဝန်ပေးချက်အရအဖေကပါတီရဲ့မူဝါဒတွေလမ်းစဉ်တွေကိုရှင်းချပြစည်းရူံးခဲ့တာလို့
သိထားခဲ့ရပါတယ်။၃ယောက်စလုံးလည်း
တကယ့်ပါတီကေဒါကောင်းတွေအဖြစ်ရပ်
တည်နိုင်ခဲ့ကြတယ်လို့မှတ်ချက်ပြုဘူးးပါ တယ်။
Sunday, March 2, 2014
ကျနော်သိခဲ့သောမဆလပါတီခေတ်အဖေ့မိတ်ဆွေများအကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment