မည်သို့ပင်ဆိုပါစေဦးထွန်းလင်းနှင့်အဖွဲ့သည်ငါတို့အားပါတီတွင်မလိုအပ်တော့၍ဖယ် ရှားခဲ့ခြင်းဖြစ်သည်။ရှိတဲ့ကျန်တဲ့သူတွေနဲ့ ဆက်၍ကောင်းအောင်လုပ်လိမ့်မည်ဆိုသည့်သဘောကိုခံယူကာပါတီကိုဝေဖန်ခြင်း တိုက်ခိုက်ခြင်းမပြုခဲ့ကြပေ။၁၉၈၈ခုနှစ်အ ရေးအခင်ပြီးနောက်နိုင်ငံရေးအခင်းအကျင်း အသစ်များပေါ်လာသော်လည်းသူတို့ဝင်မါ တော့ မဆလပါတီကတစညပါတီဟုအမည် ပြောင်းလဲခဲ့သည်ကိုတော့ဝေဖန်ခဲ့သည်။ ဆိုရှယ်စနစ်ကိုယုံကြည်သက်ဝင်လို့ထူထောင်ခဲ့သည် ပါခဲ့သည်။လူအများကမ ကြိုက်လို့ဖယ်ပေးခဲ့ရသည်။ဒါကြောင့် အမည်ပြောင်းလဲပါတီဖွဲ့သည်။လူတိုင်းက ဆိုရှယ်လစ်ပါတီတဖြစ်လဲမှန်းသိနေသည်။
စနစ်သည်ကောင်းသည်စီးပွားရေးတွင် ထိန်းချုပ်ပြီးနိုင်ငံတကာစီးပွားရေးအမြင်ကို မကြည့်ဘဲခေါင်းငုံ့နေခဲ့သဖြင့်ချွတ်ခြုံကျသွားခဲ့ပြီးစနစ်ပါပျက်ရသည်။ မိမိအမှားကို ဝန်ခံပြည်သူကိုတင်ပြုပြင်ပြောင်းလဲမည့်အစီအမံကိုရေးမြန်မာ့ဆိရြှယ်လမ်းစဉ်ပါတီအမည်ဖြင့်ပြန်ဖွဲ့စည်းသင့်သည်ဟုဝေဖန်ခဲ့သည်။ဒါပါတီအပေါ်သူတို့၏ခံယူချက်ဖြစ်သည်။ ပါလီမန်ဒီမိုကရေစီခေတ်အကွဲအပြဲဇာတ် လမ်းများလက်နက်ကိုင်ပဋိပက္ခများကြောင့် လယ်သမားများစိတ်ဆင်းရဲနေရစဉ်အရင်း ရှင်စီးပွားရေးစနစ်ကြောင့်အလုပ်သမားထု မပြေမလည်ဖြစ်နေစဉ်တောင်သူလယ်သ မားနှင့်အလုပ်သမားလူတန်းစားကိုအခြေ ခံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည့်စနစ်ဖြင့်ပေါ်လာသည့်ပါတီမို့အများဆုံးထောက် ခံမှုရှိခဲ့သည့်ပါတီဖြစ်သည်။ဥရောပနိုင်ငံများ ကပင်လေးစားခံခဲ့ရသည်။လူထုစည်းဝေးပွဲ တွေတိုင်းမဖြစ်မနေတက်ရမည်ဟုပြောစရာမလို။ကိုယ့်ဆန္ဒနှင့်ကိုတက်တာကွင်း တောင်လျှံသည်။ဒီလိုအောင်မြင်ခဲ့တဲ့ပါတီ ဆိုတာလူတိုင်းသိသည်။ပါတီ၏ဝါဒဖြစ်သေါ လူနှင့်ပတ်ဝန်းကျင်တို့၏အညမညစာအုပ် ကိုဖတ် လူ့ပတ်ဝန်းကျင်နှင့်အရမ်းဆီလျော် သည်။ထိုစဉ်ကကွန်မြူနစ်နိုင်ငံဒိတ်ဒိတ်ကြဲ
ရုရှားနှင့်တရုတ်တို့တောင်ပါတီ၏မူဝါဒကို လေးစားသမှုရှိခဲ့သည်။သို့သော်နိုင်ငံရေး နယ်ပယ်တွင်ကျွမ်းကျင်သူများသော်လည်း စီးပွားရေးနယ်ပယ်တွင်စမ်းတဝါးဝါးသူများ သာရှိသည်။ဒါ့ပြင်တာဝန်ပေးချက်အရပါတီ တာဝန်ထမ်းဆောင်ခဲ့သူတချို့သည်နိုင်ငံ ရေးနှင့်မရင်းနှီး ပြန်ပြီးလေ့လာနေသူ တတ် သလိုလိုသိသလိုလိုနဲ့ဖြီးဖြန်းဟန်လုပ်နေသူ များရောလာသည်။အမြုပါတီကာအတွင်းပြ သနာမရှိ။၁၉၇၄ခုဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ခဲ့ပြီးပြည်သူကောင်စီအဆင့်ဆင့်ပေါ်လာသည့်အခါတွင်ပါတီ၏ဦးဆောင်ကဏ္ဍ သည်မြင့်လာရမည့်အစားအောက်အခြေခံ နှင့်မြို့နယ်အဆင့်တွင်မှေးမှိန်လာမှုအနဲငယ် မြင်တွေ့လာရသည်။ဒုတိယကောင်စီသက် တမ်းတွင်မူကောင်စီအဆင့်ဆင့်၌တပ်မတော်သားရာထူးအဆင့်အလိုက်ရွေးချယ်ခံ စေပြီးတာဝန်ယူစေသည်။ဤတွင်ကောင်း
သောမြို့နယ်များမှာလည်းအရမ်းကောင်း သွာတာတွေရှိသည်။မြို့လူထု၏လေးစားယုံ ကြည်အားကိုးခြင်းခံရသူများပေါ်လာခဲ့သည် လူနဲစုသာဖြစ်သည်။အုပ်ချုပ်သူရွေးချယ်မှုစ တင်မှားခဲ့ပြီ။၁၉၈၈ခုနှစ်အရေးအခင်းတွင် အောက်ခြေအုပ်ချုပ်မှုယန္ဒရားအပေါ်လူထုမကြေနပ်ခြင်းကြောင့်အုံကြွမှုပိုမိုကြီးထွား လာစေခြင်းလဲဖြစ်သည်။
နိုင်ငံရေး စီးပွားရေးနှင့်အုပ်ချုပ်ရေးစနစ်ပေါ် တွင်ပြည်သူတို့အလုံးစုံမကြေနပ်နေချိန်တွင် ပါတီဥက္ကဌကြီး၏နိုင်ငံထုတ်ငွေစက္ကူအချို့ဖျက်သိမ်းမှုကမီးပွားဖြစ်ကာအကြောင်းရှာနေ သူများအတွက်ပုံကြီးချဲ့စရာပုံသေးရသွားပေ တော့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပျက်သုဉ်း ခဲ့ ရသည့်အကြောင်းအရင်းကိုလေ့လာဆန်း လျင်
ပါတီတွင်းစည်းလုံးညီညွတ်မှုပြိုကွဲခြင်း
ပါတီတွင်းဒီမိုကရေစီမရှိခြင်း
စီးပွားရေးပြုပြင်ပြောင်းလဲမှုမရှိခြင်း
ဆိုရှယ်လစ်စနစ်ကိုအခြေခံသည့်သမဝါယမ စနစ်ကိုပီပြင်စွာအကောင်အထည်မဖေါ်နိုင် ခြင်း
အခြေခံလူတန်းစား၂ရပ်၏ဘဝကိုမမြှင့် တင်ပေးနိုင်ခြင်း
အုပ်ချုပ်ယန္ဒရားအဆင့်ဆင့်ကိုကောင်းမွန် စွာမထိန်းကျေင်းသည့်အပြင်လစ်လျူရှုထား ခြင်း
အဆင့်ဆင့်လိမ်လည်တင်ပြနေမှုကိုဖေါ်ထုတ်အရေးယူမှုမရှိဘဲမျက်စိမှိတ်သာယာခဲ့ ကြခြင်း
ပြည်သူကိုဗဟို့ပြုသည့်ပါတီအဖြစ်မတည်ဆောက်ခဲ့ခြင်း တို့ကိုတွေ့ရမှာဖြစ်ပါတယ်။
ဒီနေရာမှာနိုင်ငွရဲ့နောင်လာနောင်သားတွေ
သင်္ကန်းစာယူနိုင်ဘို့လက်ရှိတစညဗဟိုနဲ့ ပါ တီသုသေသနဌာနမှပုဂ္ဂိုလ်များကဆွေးနွေး ရင်ပြည့်စုံမဲ့သင်္ကန်းစာတစ်ခုဖြစ်လာမှာမို့ ဖိတ်ခေါ်ပါတယ်။ဒါမှလဲပြည်တွင်းရှိနိုင်ငံရေး ပါတီများအောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းများအတွက်မပြည့်စုံတောင်အပိုင်းတစ်ခုအနေတော့အကျိုးပြုနိုင်မယ်ထင်ပါတယ်။
Saturday, March 8, 2014
တတိယအကြိမ်အဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment